Jun 28, 2008

ဝဘ်ဆိုဒ် တစ်ခုရဲ့

cool

ဝဘ်ဆိုဒ် တစ်ခုရဲ့ အောင်မြင်မှုဟာ သူ့ရဲ့ content အပြင်၊ ဒီဇိုင်း သေသပ်လှပမှု၊ သုံးရလွယ်ကူမှု၊ လွယ်ကူစွာ ရှာဖွေတွေ့ရှိနိုင်မှု စတဲ့ အကြောင်းအချက်ပေါင်းများစွာ ဆက်စပ်လို့နေပါတယ်။ အခုလို အင်တာနက်ခေတ်မှာ ကုမ္ပဏီတွေ၊ အသင်းအဖွဲ့တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ၀ဘ်ဆိုဒ် ပြုလုပ်ဖန်တီးခြင်း အရာမှာ စူးစူးနစ်နစ် နားလည်တတ်ကျွမ်းသော ပညာရှင်များကသာ အကောင်းဆုံး ပြုလုပ်ဖန်တီး ပေးနိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာတွေအတွက် မြန်မာ့စံ မြန်မာ့ဟန် နဲ့ ကိုက်ညီတဲ့ ၀ဘ်ဒီဇိုင်းများကို မြန်မာတွေ ကသာ နားလည် ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

“Web Design ပညာရပ်သည် လွန်စွာမှ နက်နဲသိမ်မွေ့လှ၏။ ၀ဘ်ဒီဇိုင်း တစ်ခုဖန်တီးခြင်းသည် ကဗျာတစ်ပုဒ် စပ်ဆိုခြင်းနှင့် အလားသဏ္ဍာန် တူသကဲ့သို့၊ ပန်းချီကားတစ်ချပ် စုတ်ချက်တင်သည့် ပမာလည်း တယုတယ မွေးမြူစိုက်ပျိုးအပ်သော အနုပညာတစ်ရပ် ဖြစ်သည်။ ကျွန်ုပ်တို့သည် ထိုသို့သော အနုပညာတစ်ရပ်အား အရေအတွက်များစွာ၊ အရည်အသွေး မြင့်မားစွာ နှင့် အဖိုးနည်းစွာ (ဦးစွာပထမ) မြန်မာအားလုံးတို့ အသုံးပြုနိုင်ရေး ဟူသော ယုံကြည်ချက်ကို စွဲမြဲစွာ ဆုပ်ကိုင်လျက် ချီတက်လာကြခြင်း ဖြစ်၏။” ဆိုတဲ့ ရဲရဲတောက် ကြွေးကြော်သံနဲ့ ကနောင် ၀ဘ်ဒီဇိုင်း ကို မိတ်ဆက်ပေးချင်ပါတယ်။

rolleyesrolleyeseekeekeekeekeek

  © Blogger template 'Ultimatum' by Ourblogtemplates.com 2008

Back to TOP